Home
မြန်မာသတင်း
ဒေးဒရဲတွင် လယ်သမား ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
March 5, 2024
day 532024

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကဝက်ချောင်းကြီးကျေးရွာက ဒေသခံ လယ်သမား ၄ ယောက်ကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်လို့ စွပ်စွဲဖမ်းဆီးထားပြီး အချိန် ၁ လကျော်လာတဲ့အထိ မိသားစုနဲ့ တွေ့ဆုံခွင့်မရဘဲ အဆက်အသွယ် ပြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကဝက်ချောင်းကြီးကျေးရွာက ဒေသခံ တောင်သူလယ်သမားတွေဖြစ်တဲ့ ဦးနိုင်နဲ့ ဇနီး ဒေါ်မစုမာ၊ မိုးတီ (ခ) မောင်ထက်မြတ်စိုး၊ မောင်လှိုင်မျိုးကျော်တို့ကို ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီဝန်းကျင်က အင်အား ၂၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “အံ့သြနေတာ၊ PDF တွေဆိုပြီး စကစတပ်က စွပ်စွဲပြီး လယ်ထဲက ပြန်တက်လာတဲ့အချိန် ညနေဘက်ပေါ့ ဖမ်းသွားတာ။ ကြိုးတွေနဲ့တုတ်သွားတာ။ အခု အဖမ်းခံရသူတွေက လယ်သမားတွေပါ။ အားလုံး ဒီနေ့အထိ မိသားစုနဲ့ ဘာအဆက်အသွယ်မှ မရဘူး။ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး၊ စိတ်ပူတယ်” လို့ ပြောပါတယ်။

သူတို့ ၄ ယောက်ကို ဒေးဒရဲမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လယ်သမားတွေကို လာဖမ်းရင်း ဒေသခံတွေကို PDF အဖွဲ့တွေကို လက်မခံဖို့နဲ့ PDF သတင်းကို ပူးပေါင်းဆက်သွယ် ပြောဆိုပေးဖို့ပါ ပြောသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024