Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာသွန်ချိန် ကျောက်ခဲထိမှန်ပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ဦး သေဆုံး
DVB
·
March 5, 2024
phar 532024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၄ ရက် မနက်ပိုင်းက မြေစာသွန်ချိန် ကျောက်ခဲထိမှန်ပြီး ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာက ကုမ္ပဏီလုပ်ကွက်တခုမှာ ရေမဆေးကျောက် ရှာဖွေဖို့ စောင့်နေစဉ် မြေစာသွန်တဲ့ကားက ကျောက်ခဲလွင့်စင် ထိခိုက်မိပြီး သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦးက “သူက ရေမဆေးကျောက်ရှာဖို့ စောင့်နေတာ။ မနက် ၁၀ နာရီလောက်မှာ မြေစာသွန်တဲ့ကားက ကျောက်ခဲ လွင့်စင်ပြီး သူ့ရဲ့ခေါင်းကို ထိသွားတယ်။ ခေါင်းကို ကျောက်ခဲထိလို့ ရေထဲပြုတ်ကျသွားပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။

ပေ ၂၀၀ ကျော်ခန့် အမြင့်ရှိတဲ့ မြေစာပုံမှာ မြေစာသွန်ချိန် ရေမဆေးကျောက်ရှာဖွေသူ အသက် ၃၀ အရွယ်ခန့်ရှိတဲ့ ကိုအင်ဖန်းဆိုင်းအောင်ဟာ ဦးခေါင်းကို ကျောက်ခဲထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။

ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း နန့်မော်ကျေးရွာမှာ မြေစာပုံသယ်တဲ့ကား ကြိတ်မိလို့ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013