မတ်လ ၄ ရက်က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာ တိုက်စစ်မှူး စီရော်နယ်ဒိုကို ပြိုင်ဘက်ပရိသတ်တွေက မက်ဆီလို့ အော်ဟစ်ပြီး လှောင်ပြောင်ခဲ့ကြပါတယ်။
ယူအေအီးကလပ် အယ်လ်အိန်းနဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့ အယ်လ်နာဆာ အသင်းက တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ အိမ်ကွင်းပရိသတ်တွေဟာ ပထမပိုင်းအပြီးမှာ အဝတ်လဲခန်းထဲဝင်သွားတဲ့ စီရော်နယ်ဒိုကို မက်ဆီအမည်သံပြိုင်အော်ဟစ်ပြီး လှောင်ပြောင်ခဲ့ကြတာပါ။
ရော်နယ်ဒိုဟာ စိတ်ပျက်တဲ့အမူအယာပြသခဲ့ပေမဲ့ တစုံတရာတုံ့ပြန်မှုတော့ ပြန်မလုပ်ခဲ့ပါဘူး။ စီရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ မက်ဆီအမည်သံပြိုင်အော်ဟစ်ပြီးလှောင် ပြောင်ခဲ့တဲ့ အယ်လ်ရှာဘက်ပရိသတ်တွေဘက်ကို ညစ်ညမ်းတဲ့အမူအယာနဲ့ ပြန်လည်တုံ့ပြန်ခဲ့ တာပါ။ အဲဒီအပြုအမူကြောင့် တပွဲ ပြစ်ဒဏ်လဲ ချမှတ်ခံခဲ့ရပါသေးတယ်။
Photo-Reuters