ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်က အဆုံးအဖြတ်ပေးနိုင်မလားဆိုတာ မသိနိုင် ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ မတ်လ ၄ ရက် မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ပထမပိုင်း မိနစ် ၄၀ အတွင်းမှာပဲ ၅ ဂိုးသွင်းခဲ့ပြီး ပွဲအပြီးမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ဒီရလဒ်ကြောင့် အာဆင်နယ်က ဂိုးကွာခြားချက် +၄၅ အထိ ရှိလာပြီး ပြိုင်ဘက် လီဗာပူးရဲ့ ဂိုးကွာခြားချက်+၃၉၊ မန်စီးတီးရဲ့ ဂိုးကွာခြားချက် +၃၅ တို့ထက် အသာရလာခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ရမှတ်ချင်းတူညီနေမယ်ဆိုရင် ဂိုးကွာခြားချက်အသာရတဲ့အသင်းက ချန်ပီယံဖြစ်ပါတယ်။
အာဆင်နယ်ဟာ ထိပ်ဆုံးကလီဗာပူးနဲ့ ရမှတ် ၂ မှတ်၊ ဒုတိယနေရာက မန်စီးတီးနဲ့ ရမှတ် တစ်မှတ်သာ ကွာဟနေတာပါ။
အဆုံးသတ်မှာတော့ ဂိုးကွာခြားချက်က အဆုံးအဖြတ် ဖြစ်လာမလားဆိုတာ မသိနိုင်ကြောင်းနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး ပွဲတိုင်းအနိုင်ရဖို့သာ ကြိုးပမ်း သွားရမှာဖြစ်ကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။
Photo-Reuters