လီဗာပူးအသင်းဘက်ကို အနိုင်ဂိုး ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးပေါလ်တီယာနေးကို ဒီတပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကိုင်တွယ်ခွင့်ပိတ်ပင်ခဲ့ ပါတယ်။
လီဗာပူးအသင်းက နော်တင်ဟမ်ဖောရက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒါဝင်နူညက်ဇ်ရဲ့ ပွဲပြီးခါနီး အနိုင်ဂိုးဟာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပေမဲ့ ဒိုင်လူကြီးတီယာနေးလ်က ဂိုးအဖြစ်ခွင့်ပြုခဲ့တာပါ။
ဝါရင့် ဒိုင်လူကြီးတွေရဲ့ သုံးသပ်ချက်အရတော့ နော်တင်ဟမ်အသင်း ဘောလုံးပိုင်ဆိုင်မှုရရှိချိန်မှာ လီဗာပူးနောက်ခံလူ ကိုနာတေး ဒဏ်ရာရမှုကြောင့် လီဗာပူးဘက်ကို စပေးဘော ပေးခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထောက်ပြကြတာပါ။
လီဗာပူးဟာ အဲဒီစပေးဘောကနေတဆင့် ထောင့်ကန်ဘောရရှိပြီး အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်တီယာနေးလ်ဟာ ဒီတပတ်ပွဲစဉ်တွေမှာ ကိုင်တွယ်ခွင့်ရရှိမှာမဟုတ်ဘဲ ပွဲကိုင်တွယ်ခွင့် ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။
Photo-Reuters