လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်သေးတယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ယုံကြည်နေပါတယ်။
မန်ယူအသင်းဟာ မတ်လ ၃ ရက် မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့်အဆင့် ၄ နေရာက ဗီလာနဲ့ ၁၁ မှတ်အထိ ကွာဟသွားတာပါ။
လက်ကျန်ပွဲစဉ် ၁၁ ပွဲသာ ကျန်ရှိတော့ချိန်မှာ ၁၁ မှတ် ကွာဟနေတာက အပြောင်းအလဲ ဖြစ်နိုင်သေးတဲ့ အမှတ်ကွာဟချက်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နောက်တပတ်ပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ပွဲကို ဗိုလ်လုပွဲလို ကစားရမှာဖြစ်ပြီး ကိုယ်ကစားရမယ့် ပွဲစဉ်တိုင်း အနိုင်ရရှိမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်သေးကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters/Lee Smith