Home
နိုင်ငံတကာ
လုံခြုံရေးကြောင့် ကနေဒါဝန်ကြီးချုပ်နှင့် အီတလီဝန်ကြီးချုပ်တို့ ခရီးစဉ်ဖျက်သိမ်း 
DVB
·
March 4, 2024
Canada, Italy leaders cancel Toronto event for security reasons

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုနဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမေလိုနီတို့ဟာ တိုရွန်တိုမြို့အတွင်း အွန်တေရီရိုအနုပညာပြခန်းကို အတူတူသွားလည်မယ့် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြချက်ကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံး ပြောခွင့်ရဂျန်းနာ ဂါးစာဘေက ပြောပါတယ်။

ထရူဒိုအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူအုပ်စုနဲ့ ပါလက်စတိုင်းတွေကို လိုလားတဲ့ နောက်ထပ် ဆန္ဒပြအုပ်စု တစုတို့က အနုပညာပြခန်းရဲ့ အပြင်ဘက်မှာ စုရုံးနေခဲ့လို့ ခုလို ဖျက်သိမ်းရတာပါ။

“အဲဒီနေရာမှာ ရဲ အတော်များများလည်း ရောက်နေခဲ့ပါတယ်။ အစီအစဉ်ကို လုံခြုံရေး အကြောင်းပြချက်ကြောင့် ဖျက်သိမ်းခဲ့ရတယ်”လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရက အတည်ပြုပေမဲ့ ကနေဒါရဲတပ်ဖွဲ့ကတော့ ချက်ချင်းမှတ်ချက် မပေးခဲ့ပါဘူး။

မယ်လိုနီဟာ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် အီတလီနိုင်ငံရဲ့ အခန်းကဏ္ဍအတွက် သောကြာနေ့က အမေရိကန်မြို့တော် ဝါရှင်တန်ကို သွားရောက်လည်ပတ် အပြီး ကနေဒါနိုင်ငံဆီ လာရောက် လည်ပတ်နေတာပါ။

အစောပိုင်းက လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ပြည့်ဖြိုးမြဲစွမ်းအင် အနာဂတ်ဆီ ကူးပြောင်းရေးနဲ့ စွမ်းအင်ဖူလုံရေးတို့ အပါအဝင် နယ်ပယ် အတော်များများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကနေဒါနဲ့ အီတလီတို့ သဘောတူခဲ့ကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013