Home
အားကစား
လီဗာကူဆင်အသင်း ဘိုင်ယန်မြူးနစ်ကို ၁၀ မှတ်ဖြတ်ပြီး ဂျာမန်လိဂ်ကို ဦးဆောင်
DVB
·
March 4, 2024
FC Koln Bryan_04032024

လီဗာကူဆင်အသင်းဟာ မတ်လ ၃ ရက် မနေ့ညက ကစားခဲ့တဲ့ ကိုလုံးနဲ့ပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ၁၀ မှတ်ဖြတ်ပြီး ဂျာမန်လိဂ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

သောကြာနေ့ကပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဖရိုင်းဘက်နဲ့  ၂ ဂိုး စီ သရေကျခဲ့တာကို လီဗာကူဆင်က အခွင့်အရေးထပ်ယူနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလာခဲ့တာပါ။

လီဗာကူဆင်အသင်းဟာ လူငယ်နည်းပြ ဇာဗီအလွန်ဆို လက်အောက်မှာ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်နေပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးတာ ဖြစ်ပါတယ်။

ဂိုးအများဆုံးသွင်းထားတဲ့ အဓိကတိုက်စစ်မှူး ဘိုနီဖေ့စ် မပါဝင်နိုင်ချိန်မှာလည်း နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတာပါ။

ကွင်းလယ်ပိုင်းက ဖလော်ရီယန်ဝစ်ဇ်၊ ချာကာနဲ့ အန်ဒရစ်တို့က ဘောလုံးထိန်းချုပ်ထားနိုင်စွမ်း ရှိသလို တောင်ပံနှစ်စုံဖြစ်တဲ့ ဂရီမယ်ဒိုနဲ့ ဖရင်ပေါင်တို့ကလည်း အသင်းရဲ့ ထိပ်တန်းဂိုးအများဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013