ယူကေရဲ့ ဂရမ်မီဆုပေးပွဲလို့ တင်စားကြတဲ့ BRIT ဂီတဆုပေးပွဲမှာ အမျိုးသမီးအဆိုတော် ရေး က ၆ ဆုအထိ စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ပွဲဦးထွက်အယ်လ်ဘမ် My 21st Century Blues ဟာ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု ဆွတ်ခူးခဲ့သလို အဲဒီထဲက Escapism သီချင်းကလည်း အကောင်းဆုံး တေးသီချင်းဆု ဆွတ်ခူးခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် အနုပညာရှင်ဟာ တနှစ်တာ အနုပညာရှင်ဆု၊ အကောင်းဆုံး R&B သီချင်းဆု၊ မျက်နှာသစ်အနုပညာရှင်ဆုတွေနဲ့အတူ အကောင်းဆုံးတေးရေးဆရာဆုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်တေးသံသွင်းလုပ်ငန်း (BPI) က ချီးမြှင့်တဲ့ ဒီဆုပေးပွဲမှာ တနှစ်တည်း ဆုအများဆုံးရသူ အဖြစ်ပါ ရေးက စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရေးရဲ့ မူလ တေးသံသွင်းဖြစ်တဲ့ ပိုလီဒေါ ရက်ကော့ဒ်ဟာ ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိရေးကို နှစ်နဲ့ချီပြီး နှောင့်နှေးထားခဲ့တာကြောင့် ၂၀၂၁ မှာ လမ်းခွဲခဲ့ပြီး တသီးပုဂ္ဂလ ရပ်တည်နေတာ ဖြစ်ပါတယ်။
အကောင်းဆုံးအဖွဲ့ဆုကို Jungle က ရရှိခဲ့ပြီး ရော့ခ်ဂီတအဖွဲ့ Bring Me the Horizon က အော်လ်တာနေးတစ်/ရော့ခ် ကဏ္ဍမှာ အကောင်းဆုံးဆုရခဲ့ပါတယ်။
ဆန်ခါတင် ၃ ဆုပါတဲ့ ဒူပါလီပါကတော့ ပေါ့ကဏ္ဍမှာ ရခဲ့ပြီး အမျိုးသမီး အင်ဒီးရော့ခ်ဂီတအဖွဲ့ boygeinus က အင်တာနေရှင်နယ်ဂီတအဖွဲ့ဆု ရခဲ့ပါတယ်။
Source/Photo-REUTERS/Isabel Infantes