Home
နိုင်ငံတကာ
အဆင့်မြင့်ယူရိုငွေစက္ကူအတု ထုတ်လုပ်သည့်ဂိုဏ်းသား ၁၄ ဦးကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး 
DVB
·
March 3, 2024
Forgery gang arrested for one million Euro 'high quality' fake notes

အလိုအလျောက် ငွေပေးချေလို့ရတဲ့ စက်တွေကိုတောင် လှည့်ဖြားနိုင်အောင် အရည်အသွေးမြင့်တဲ့ ယူရိုငွေ ၁ သန်း တန်ဖိုးရှိတဲ့ ဘဏ်ငွေစက္ကူအတုတွေ ထုတ်လုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူ ၁၄ ဦးကို စပိန်ရဲတွေက မတ်လ ၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

နေပယ်၊ ရောမနဲ့ ဘာစီလိုနာမြို့တွေမှာ အခြေစိုက်တဲ့ ဒီဂိုဏ်းဟာ အီတလီ၊ ပြင်သစ်၊ ဂရိနဲ့ စပိန်တို့မှာ ငွေစက္ကူအတုတွေကို ဖြန့်ဝေခဲ့ပါတယ်။

ငွေစက္ကူအတုလုပ်တဲ့ ကွန်ရက်ဟာ အထူးမှင်တွေနဲ့ ရေစာတွေကို သုံးထားလို့ ငွေစက္ကူ အတုတွေဟာ အလွန်အဆင့်အတန်းမြင့်တယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်တဲ့ လျှို့ဝှက်ပုံနှိပ်တိုက်ကို ပါကစ္စတန်နွယ်ဖွား ဂိုဏ်းသားတွေက နေပယ်နဲ့ ရောမမြို့တော်တို့က အိမ်တွေထဲမှာ လုပ်ငန်းလည်ပတ်နေတာပါ။

ယူရို ၇၀၀၀၀ ဖိုး ငွေစက္ကူအတုတွေကို ကိုင်ဆောင်ထားတဲ့ ငွေစက္ကူအတု ဖြန့်ချိသူတွေကို ဘာစီလိုနာလေဆိပ်နဲ့ ရောမမြို့တော် ဘတ်စ်ကားဂိတ်တို့မှာ ရဲတပ်ဖွဲ့က နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်၊ အီတလီနဲ့ ဂရိနိုင်ငံတို့က တပ်ဖွဲ့ဝင်တွေပါတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ မနှစ်က နိုဝင်ဘာလမှာ ဘာစီလိုနာမြို့မှာ ငွေစက္ကူအတု အမြောက်အမြား တွေ့ပြီးတဲ့နောက် စတင်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024