Home
ရုပ်သံ
စစ်ကောင်စီ၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ဟု အေအေ ထုတ်ပြန်
DVB
·
March 3, 2024
AA Rakkhine_03032024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ပြီး သံချပ်ကာကား ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို ပုဏ္ဏားကျွန်းနဲ့ မောင်တောမြို့တို့က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့ မတ် ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

ပုဏ္ဏားကျွန်းမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က စစ်တွေမြို့အဝင် အမြင့်ကျွန်းတံတား(မင်းချောင်းတံတား)ထိပ်မှာ ရက္ခိုင့်တပ်တော်(အေအေ) က ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

အခုအချိန်အထိ လက်နက်ချ အညံ့မခံသေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်းတွေ၊ နယ်ခြားစောင့် တပ်စခန်းတွေအပြင် လက်နက်ကြီးစခန်းတွေကိုပါ ရက္ခိုင့်တပ်တော်က နေ့တိုင်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ ၅၅၀ ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ကို အရှိန်မြှင့်နေသလို မောင်တောမြို့နယ် မြောက်ပိုင်းက ရန်အောင်ပြင်စခန်းကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013