Home
အားကစား
ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လာရေး ခြေစွမ်းတည်ငြိမ်ရန်လိုအပ်ဟု ဖိုဒမ် ပြော
DVB
·
March 3, 2024
Phil Foden_03032024

ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လာဖို့အတွက် ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း မန်စီးတီး တိုက်စစ်ကစားသမား ဖိုဒမ်က ပြောပါတယ်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ အခုနှစ် ရာသီမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရရှိနေပြီး ပြိုင်ပွဲစုံမှာ ၁၆ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာပြီလို့ မခံယူဝံ့ကြောင်း၊ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ဖို့ဆိုရင် ကောင်းမွန်တဲ့ခြေစွမ်းကို စဉ်ဆက်မပြတ်ထိန်းနိုင်ဖို့ လိုအပ်ကြောင်း ဖိုဒမ်က ပြောပါတယ်။

လက်ရှိ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားချင်ပြီး ပွဲကြီးပွဲကောင်းတွေမှာလည်း ခြေစွမ်းကောင်း ပြသနိုင်ဖို့ လိုအပ်ကြောင်း ဖိုဒမ်က ပြောသွားပါတယ်။

နည်းပြဂွါဒီယိုလာကတော့ ကွင်းလယ်ကစားသမားတဦးအနေနဲ့ ၁၆ ဂိုးသွင်းထားတဲ့ ဖိုဒမ်ဟာ ကမ္ဘာ့အဆင့်ကစားသမား ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013