ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့က အိပ်မက်တခု ဖြစ်ကြောင်း ဗီလာတိုက်စစ်မှူး ဝက်ကင်စ်က ပြောသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးရှိသွားပြီး တိုက်စစ်မှူး ဟာလန်းနဲ့ တစ်ဂိုး အကွာအခြေအနေ ကိုရောက်ရှိလာတာပါ။
လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအကြောင်း မစဉ်းစားဘူးဆိုရင် လိမ်ပြောရာ ရောက်မှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမဲ့ လာမယ့် ယူရိုပြိုင်ပွဲမှာတော့ နည်းပြက ရွေးချယ်မယ်ဆိုရင် ပါဝင်ကစားခွင့်ရချင်ကြောင်း ဝက်ကင်စ်က ပြောပါတယ်။
အင်္ဂလန်နဲ့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ခြေစွမ်းပြနေတဲ့ ဝက်ကင်စ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ လက်မှတ်ရရှိထားပြီး ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။
Photo-Reuters/Peter Cziborra