Home
နိုင်ငံတကာ
ယူကရိန်း လူနေတိုက်တန်းကို ရုရှား ဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
DVB
·
March 3, 2024
Aftermath of a Russian drone attack in Odesa

ယူကရိန်းတောင်ပိုင်းဆိပ်ကမ်းမြို့ ဩဒက်ဆာမှာရှိတဲ့ လူနေတိုက်တန်းကို  ရုရှား ကာမိကာဇေဒရုန်းတစင်း  မတ်လ ၂ ရက်က  ဝင်တိုက်တဲ့အတွက် လူ နှစ်ယောက် သေဆုံးပြီး၊ ရှစ်ယောက် ဒဏ်ရာရကာ၊ ခြောက်ယောက် ပျောက်ဆုံးနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက “ရုရှားဟာ အရပ်သားတွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။ ရန်သူ့ဒရုန်းယာဉ်တစင်းဟာ ဩဒက်ဆာက လူနေအဆောက်အအုံကို ထိမှန်ခဲ့ပြီး အခန်း ၁၈ ခန်း ပျက်စီးခဲ့ပါတယ်” လို့ တယ်လီဂရမ်မှာ ရေးထားပါတယ်။

တိုက်တန်းလျားမှာ တချို့အထပ်တွေ ပဲ့ထွက်နေပုံနဲ့ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးပုံတွေထဲမှာ ရှာဖွေနေပုံ ဗီဒီယိုဖိုင်ကို သမ္မတက မျှဝေခဲ့ပါတယ်။

ဇယ်လန်းစကီးရဲ့အဆိုအရ ဒီလူမဲ့လေယာဉ်ဟာ အီရန်နိုင်ငံလုပ် အကြီးစားကာမိကာဇေ ဒရုန်းအမျိုးစားဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားဟာ စစ်ပွဲကာလအတွင်း အလားတူ လူမဲ့ လေယာဉ်အမြောက်အမြား သုံးစွဲခဲ့ပါတယ်။

Source/Photo-REUTERS/Stringer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013