အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၁၀ ရက်မှာ စတင်မယ့် မွတ်ဆလင်ဥပုသ်လမှာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိမယ်လို့ မျှော်လင့်ကြောင်း မတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒါကိုတော့ ဖိဖိစီးစီး လုပ်နေတုန်းဖြစ်ပေမဲ့ ခုထိတော့ ဖြစ်မလာသေးပါဘူးလို့ ဘိုင်ဒင်က အိမ်ဖြူတော်မှ ထွက်ခွာလာချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အကူအညီ တောင်းခံဖို့ တန်းစီနေကြတဲ့ ပါလက်စတိုင်းတွေ သေဆုံးပြီး နောက်တနေ့မှာ ဘိုင်ဒင် ဟာ ဂါဇာကို ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပထမဆုံးအကြိမ် စစ်လေယာဉ်နဲ့ လွှတ်တင်မယ့် အစီအစဉ်ကို မတ် ၁ ရက် အစောပိုင်းတုန်းက ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် အစောပိုင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြို့အနီးရှိ ကယ်ဆယ်ရေး ယာဉ်တန်းဆီကို ချဉ်းကပ်လာကြတဲ့ လူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
လာမယ့်ရက်တွေအတွင်း အမေရိကန်လေကြောင်းမှ အကူအညီပစ္စည်းတွေ ပစ်ချပေးမယ်လို့ ဘိုင်ဒန်က ပြောကြားခဲ့ပေမဲ့ အသေးစိပ် အချက်အလက်တွေကိုတော့ မပြောပါဘူး။
ဂျော်ဒန်နဲ့ ပြင်သစ်တို့အပါအဝင် တခြားနိုင်ငံတွေဟာ ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပေးအပ် ထားပြီးဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ရဲ့ လူဦးရေ ၄ ပုံ ၁ ပုံလောက်ဖြစ်တဲ့ လူပေါင်း လူပေါင်း ၅၇၆,၀၀၀ ဟာ အငတ်ဘေးနဲ့ အတော့်ကို နီးကပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ သိရပါတယ်။
Source/Photo - Reuters