ဂါဇာကမ်းမြောင်မှာ ပထမဆုံးအကြိမ် အမေရိကန်စစ်တပ်ကလေကြောင်းကနေ စားနပ်ရိက္ခာတွေ ကြဲချပေးမဲ့ အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မတ် ၁ ရက်မှာ ကြေညာလိုက်ပါတယ်။
ပါလက်စတိုင်းသားတွေ အကူအညီရဖို့ တိုးဝှေ့ကြရင်း လူရာချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ အတိဒုက္ခ ရောက်နေကြတဲ့ ဂါဇာမှာ ဘယ်လောက်ထိကပ်ဆိုက်နေသလဲဆိုတာကို ပေါ်လွင်ထင်ရှားစေခဲ့ အပြီးမှာ အမေရိကန်က ဒီလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လာမဲ့ရက်ပိုင်းအတွင်း လေကြောင်းက ရိက္ခာကြဲပေးမယ်လို့ ဘိုင်ဒင်ကပြောခဲ့ပေမဲ့အ သေးစိတ်တော့ ပြောမသွားပါဘူး။
ဂျော်ဒန်နဲ့ ပြင်သစ်ကတော့ အဲဒီလို လေကြောင်းကနေ အကူအညီကြဲချပေးနေကြပါတယ်။
“ကျနော်တို့ ပိုလုပ်ဖို့လိုပါတယ်၊ အမေရိကန်အနေနဲ့ ပိုလုပ်ဖို့လိုပါတယ်။ ဂါဇာကို ပို့တဲ့အကူအညီ တွေက ဘယ်လိုမှ မလုံလောက်ပါဘူး” လို့ ဘိုင်ဒင်က ဝန်ခံခဲ့ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက လေကြောင်းက အကူအညီကြဲချပေးတာကို ဆက်တိုက်လုပ်သွားမှာဖြစ်ပြီး စစ်ဘက်မှာစားတဲ့ MRE လို့ခေါ်တဲ့ အသင့်စားအစား အသောက် တွေလည်း ပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဂါဇာကမ်းမြောင်ကို အကူအညီတွေ အများကြီး ပို့ပေးဖို့ ရေလမ်းကြောင်းလည်း စဉ်စားနေတယ်လို့ ဘိုင်ဒင်က ကပြောပါတယ်။
Source/Photo - Reuters