Home
မြန်မာသတင်း
တာလေမြို့နယ် နမ့်လင်းချောင်း၌ သားအဖ ၃ ဦး ရေနစ်ပြီး ဖခင် သေဆုံး
DVB
·
March 2, 2024
acc 232024

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ နားယောင်းကျေးရွာအုပ်စု၊ ဝမ်ဝိန်းကျေးရွာနားက နမ့်လင်းချောင်းမှာ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီလောက်က ရေဆင်းချိုးတဲ့ သားအဖ ၃ ယောက် နစ်မြုပ်ပြီး ဖခင်ဖြစ်သူသေဆုံးသွားတယ်လို့ ပရဟိတအသင်း‌တာဝန်ရှိသူတွေဆီက သိရပါတယ်။

ကူညီရှာဖွေ ကယ်ဆယ်ခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူတဦးက “မနေ့က ပျောက်ဆုံးတဲ့ သားအဖ ၃ ယောက်က သူတို့က ရေဆင်းချိုးတာလေ။ ရေဆင်းချိုးတော့ သူတို့က ဘောကွင်းစီးရင်းနဲ့ ‌မျောသွားတော့ သူ့အမက အဲဒါကို လိုက်ပြီးတော့ ဆွဲတာ၊ ဒီချောင်းက သဲစုပ်ထားတော့ ရေတွေကနစ်တော့ အဲမှာ ကလေးမလေးက နစ်သွားတာ။ နစ်သွားတော့ သူ့အဖေက သမီးကို သွားဆွဲပြီးတော့ ရေက သူတို့သားသမီး ၃ ယောက်လုံးကို သွားပြီး ဆွဲလိုက်တော့ သူက မြုပ်သွားတယ်။ အဲဒီ ကလေးနှစ်ယောက်ပဲ ကယ်လို့ရသွားတယ် မနေ့က” လို့ ပြောပါတယ်။

ရွှေကျင်၊ သဲစုပ်တဲ့နေရာ ဂလိုင်ကြီးဖြစ်နေတာကြောင့် ရေဝဲနဲ့ ပါသွားတဲ့ပုံစံဖြစ်ပြီး ဖခင်ဖြစ်သူ မြုပ်သွားတဲ့နေရာမှာ ပေါ်လာနိုးနိုးနဲ့ ရေငုပ်ရှာဖွေခဲ့ပေမဲ့ မနေ့ည‌ပိုင်းအထိ မတွေ့ရှိခဲ့ဘဲ ဒီမနက်ပိုင်းမှ အလောင်းပေါ်လာတယ်လို့ သူကပြောပါတယ်။

“ရေထဲမြုပ်သွားပြီး သူလည်း ရေမကူးတတ်ဘူး။ အခုတော့ တွေ့ပြီ။ ဟိုမှာ ကလေးတွေ ကျနော့်ကို ဖုန်းဆက်လာတယ်။ ဟုတ်တယ် ပြန်ပေါ်လာတာ။ ကျနော်တို့က မြေကြီးထဲ ပါသွားပြီထင်နေတာ။ သူက အဲဒီနားမှာ ငုတ်တွေရှိတော့ အဲ့နားမှာ မြုပ်သွားတဲ့ဟာကို ဆွဲမိဆွဲရာ ဆွဲထားပြီးတော့ အဲနားမှာ ငုပ်ပြီး သေသွားတယ်ထင်တယ်။”

အာခါလူငယ် တိုင်းရင်းသားအသင်းနဲ့ ရွှေမယ်ယန်း ပရဟိတအသင်းတို့ကလည်း ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းနဲ့ ညဦးပိုင်းအထိ ချောင်းထဲရှာဖွေနေခဲ့တာလို့ ဆိုပါတယ်။

တာချီလိတ် မြို့ရှောင်လမ်းဘက် သဲစပ်နား ရေချိုးရင်း ရေနစ်တာရှိသလို မိုင်းကိုးရွာဘက်မှာလည်း ဈေးရောင်းလာရင်းနဲ့ သဲစပ်နားမှာ ရေချိုးရာက ရေနစ်တာမျိုး ဖြစ်ဝာာကြောင့် သဲစပ်နား ရေဆင်းချိုးရင် အန္တရာယ်တအားများလို့ သတိထားစေချင်ကြောင်း အကူအညီ ပေးနေသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024