Home
မြန်မာသတင်း
မြန်မာ့အရေးကိုနိုင်ငံတကာကအာရုံစိုက်ရန် အရေးတကြီးလိုအပ်ဟု ကုလ မဟာမင်းကြီးပြော
DVB
·
March 2, 2024
un 232024

စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ  မြန်မာပြည်သူတရပ်လုံးဟာ  မဆုံးနိုင်တဲ့ ဒုက္ခဆင်းရဲတွေကို ခံစားနေကြရတာကြောင့်  မြန်မာ့အရေးကို  နိုင်ငံတကာကအာရုံစိုက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောလိုက်ပါတယ်။

မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးက ပြောလိုက်တာပါ။

လက်ရှိမှာဆိုလည်း လက်နက်ကိုင်ပဋိပက္ခတွေဟာ မြန်မာနိုင်ငံထဲက နေရာဒေသအားလုံးနီးပါးကို ပျံ့နှံ့ရောက်ရှိနေကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခုအချိန်ထိ အမျိုးသမီး ၆ဝဝ ကျော်နဲ့ ကလေးသူငယ် ၅ဝဝ နီးပါး အပါအဝင် အရပ်သားပြည်သူ ၄၆ဝဝ ကျော် ကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ခိုင်လုံစွာရရှိထားတယ်လို့လည်း ပြောပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးလာသူတွေကို ကူညီကာကွယ်ပေးကြဖို့လည်း ကုလအဖွဲ့ဝင် နိုင်ငံအားလုံးကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းခဲ့ပါသေးတယ်။

ဒါ့အပြင်  ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေအပေါ် လူမဆန်တဲ့ရက်စက်မှုတွေ ကျူးလွန်နေတာကို တားဆီးဖို့အတွက် စစ်ကောင်စီကို လက်နက်၊ လေယာဉ်လောင်စာဆီနဲ့ နိုင်ငံခြားငွေသုံးစွဲခွင့်တွေ မရနိုင်အောင် ကန့်သတ်ပိတ်ဆို့ဖို့ မဟာမင်းကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013