တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ဟာ အများထင်ထားတာထက် ပိုကောင်းတဲ့သူဖြစ်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ ဆီနီဂေါတိုက်စစ်မှူးဟာ အခုနှစ်ရာသီအစပိုင်းကမှ စပိန်ကလပ် ဗီလာရီးရဲလ်က နေပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ချဲလ်ဆီးနဲ့ ပရီးမီးယား လိဂ် ၂၂ ပွဲမှာ ၇ ဂိုးသွင်း ၃ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တချို့ဟာ ဂျက်ဆင်ရဲ့အဆုံးသတ်အားနည်းမူအပေါ် ဝေဖန်ခဲ့ပေမဲ့ နည်းပြ ပိုချက်တီနိုကတော့ ဂျက်ဆင်ဟာ ထိပ်တန်းတိုက်စစ်မှူးတဦး ဖြစ်လာဖို့ အခြေခံ ကောင်းတွေရှိတယ်လို့ ချီးကျူးခဲ့တာပါ။
ဂျက်ဆင်ဟာ ပထမဆုံး ရာသီမှာပဲ သွင်းဂိုးတွေ သွင်းယူထားနိုင်ပြီး အမှားတွေရှိသည့်တိုင် တိုက်စစ်မှူး တဦးရဲ့စရိုက် လက္ခဏာ အပြည့်အစုံရှိကြောင်း၊ အများထက်တာထက်ပိုပြီး ကောင်းမွန်သူဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
Photo-Reuters