မန်ချက်စတာဒါဘီမှာ ဗျူဟာမြောက် ကစားနိုင်ဖို့သာ အာရုံစိုက်ဖို့ နည်းပြဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတွေဟာ လာမယ့် တနင်္ဂနွေနေ့ ည ၁၀ နာရီအချိန်မှာ အီတီဟတ်ကွင်းမှာ မန်ချက်စတာဒါဘီအဖြစ် ရင်ဆိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မှာ စိတ်ခံစားချက်တွေကို ဘေးဖယ်ထားဖို့လိုအပ်ပြီး ဗျူဟာမြောက်ကစားနိုင်ဖို့သာ အာရုံစိုက်သွားရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
နည်းပြအတွေ့အကြုံတွေအရ ဒါဘီပွဲစဉ်တွေမှာ ပိုပြီးတည်ငြိမ်ဖို့နဲ့ သက်သောင့်သက်သာရှိဖို့ လိုအပ်ကြောင်း၊ လက်ရှိအချိန်မှာ မန်စီးတီးရဲ့ ခေတ်တခတ်ကို ရောက်ရှိနေပေမဲ့ မန်ယူအသင်းရဲ့ ခေတ်တခုဟာလည်း တချိန်မှာပြန်လည်ရောက်ရှိနိုင်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်ကတော့ အသင်းသားတွေရဲ့ ယုံကြည်မှုနဲ့ ကြိုးစားကစားမှုအပေါ် အားရ ကျေနပ်မိပြီး မန်ချက်စတာဒါဘီအတွက် စိတ်လှုပ်ရှားမိကြောင်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
Photo-Reuters