Home
အားကစား
ဇီဒန်း ကိုင်တွယ်ချင်သည့် အသင်း ၃ သင်းသာ ရှိဟု အသင်းဖော်ဟောင်း ပြော
DVB
·
March 2, 2024

ပြင်သစ်နည်းပြ ဇီဒန်းကိုင်တွယ်ချင်တဲ့အသင်း ၃ သင်းသာရှိတယ်လို့ အသင်းဖော်ဟောင်း သောမက်စ်ဂရေ့ဆင်က ပြောပါတယ်။

နည်းပြဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ် နည်းပြရာထူးကနေ ထွက်ခွာလာပြီးနောက် လက်ရှိ အချိန်အထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။  

ဇီဒန်းရဲ့ အသင်းဖော်ဟောင်း ဂရေ့ဆင်ကတော့ ဇီဒန်းကိုင်တွယ်လိုတဲ့အသင်း ၃ သင်းသာ ရှိကြောင်း လွန်ခဲ့တဲ့ ၂ နှစ်က ပြောကြားခဲ့တယ်လို့ ပြောပါတယ်။ 

အဲဒီအသင်းတွေက ပြင်သစ်ကလပ် မာဆေး၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ဖြစ်တယ်လို့ ဂရေ့ဆင်က ပြောပါတယ်။

တချို့သတင်းတွေရဲ့ ဖော်ပြချက်အရလည်း ဇီဒန်းဟာ အင်္ဂလိပ်စကားမပြောတာကြောင့် အင်္ဂလန်ကလပ်တွေကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲကြောင်း သုံးသပ်ကြပါတယ်။ 

လတ်တလောမှာ မန်ယူအသင်း ရှယ်ယာရှင် တဦးဖြစ်သူ ဆာဂျင်ရတ်ကလစ်ဖ်က ဇီဒန်းကို ခေါ်ယူခန့်အပ်မယ်လို့ သတင်းထွက် ပေါ်နေတာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013