ထိုင်းနိုင်ငံ အထက်ပိုင်းဒေသမှာ မတ် ၁ ရက်မှ ၃ ရက်အတွင်း အပူပိုင်းမုန်တိုင်းဝင် ရောက်နိုင် မယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အထက်ပိုင်းဖြစ်တဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ လာမယ့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး နေ့အပူချိန်မြင့်တက်မယ်၊ တောင်တရုတ်ပင်လယ်ပြင်က အအေးလှိုင်းတွေဟာ ထိုင်းအရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသကို ဖြတ်လာမှာမို့ အပူနဲ့အ အေးပေါင်းစပ်ချိန်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်တယ်၊ ဒါကြောင့် ဒေသထဲမှာ မိုးသည်းထန်၊ လေပြင်းတိုက်ခတ်၊ လျှပ်စီးလက် ၊ မိုးသီးကြွေတာတွေဖြစ်နိုင်တယ်။ ခိုင်ခံ့မှု မရှိတဲ့ အဆောက်အဦတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ သစ်ပင်ကြီးတွေအောက် ရှောင်ရှားပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတွေအနေနဲ့ သီးနှံပျက်စီးမှုမရှိအောင်ကာကွယ်ထားဖို့ သတိပေးထားပါတယ်။
ထိုင်းပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အထက်ပိုင်းတို့မှာ လှိုင်းလုံးအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်တဲ့အတွက် ငါးဖမ်းလှေတွေအနေနဲ့ မိုးသားမိုးရိပ်အခြေအနေကိုကြည့်ပြီးမှ ကမ်းကခွါဖို့ သတိပေးထားပါတယ်။
လာမယ့် ၂၄ ရာသီအတွင်း ဒေသအလိုက် အပူချိန်နဲ့ မိုးလေဝသခန့်မှန်းချက်မှာ ကတော့ ထိုင်းမြောက်ပိုင်းဒေသမှာ နေ့ခင်းပိုင်း မီးခိုးမြူနဲ့ အပူရှိန်ပြင်းပြီး ဒေသရဲ့ ၁၀ ရာခိုင်နှုန်းမှာ မိုးသက်လေပြင်းကျရောက်နိုင်မယ်၊ ဥဒရာဒစ်၊ ဗိစနုလုတ်၊ ဖစ်ချဘွန်းစတဲ့ခရိုင်မှာ အပူချိန် ၁၇ မှ ၃၉ စင်တီဂရိတ်ထိရှိနိုင်မယ်လို့ ဆိုပါတယ်။
အရှေ့မြောက်ပိုင်းဒေသမှာ နေ့ခင်းပိုင်း အပူရှိန်ပြင်းပြီး ဒေသရဲ့ ၂၀ ရာခိုင်နှုန်းမှာ မိုးရွာနိုင်တယ်၊ တချို့နေရာ မိုးသက်လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းဖြစ်မယ်၊ နောင်ခိုင်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ချ်ဆီမား စတဲ့ခရိုင်မှာ အပူချိန် ၁၉ မှ ၃၇ စင်တီဂရိတ်ထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းမှာ နေ့ခင်းပိုင်း မြူအုံ့ဆိုင်းကာ အပူရှိန်ပြင်းပြီး ဒေသရဲ့ ၁၀ ရာခိုင်နှုန်းမှာ မိုးရွာနိုင်တယ်၊ အထူးသဖြင့် ဆရာပူရီ၊ အယုဒ္ဓယ၊ နထွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ကန်ကျနူပူရီ၊ ခရိုင်တွေမှာ အပူချိန် ၂၄ မှ ၃၈ စင်တီဂရိတ်ထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။
အရှေ့ပိုင်းမှာလည်း နေ့ခင်းဘက် မြူတွေနဲ့အပူချိန်ပူပြင်းပြီး ဒေသရဲ့ ၂၀ ရာခိုင်နှုန်းဧရိယာမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်၊ အထူးသဖြင့် နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆလာ ကယောက်၊ ချချိန်းဆောဝ်း ၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရတ် စတဲ့ခရိုင်ထဲမှာ အပူချိန် ၂၅ မှ ၃၇ စင်တီဂရိတ်ထိ မြင့်နိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာနဲ့ မိုးသားမိုးရိပ်ရှိ တဲ့နေရာမှာ လှိုင်းအမြင့် ၁ မီတာထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
တောင်ပိုင်းမှာတော့ နေ့ခင်းဘက်အပူရှိန်ပြင်းမယ်၊ ဒေသရဲ့ ၂၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်မယ်၊ ဖစ်ချဘူရီ၊ ပရကျုပ်ခရီရီခန်၊ ချွန်းဖွန်း၊ ဆူရတ်ဌာနီနဲ့ နခွန်းရာ့ချ်ဆီမားမှာ အပူချိန် ၂၂ မှ ၃၆ ဒီဂရီစင်တီဂရိတ်ရှိမယ်၊ ချွန်းဖွန်းခရိုင်နဲ့အထက်ပိုင်း လေတိုက်နှုန်း ၁ နာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာရှိမယ်၊ ပင်လယ်ပြင် လှိုင်းအမြင့် ၁- မှ ၂ မီတာမြင့်ပြီး မိုးသားရှိတဲ့နေရာမှာ ၂ မီတာထိမြင့်မယ်လို့ ဆိုပါတယ်။
ဘန်ကောက်နဲ့အနီးတဝိုက်ဧရိယာမှာတော့ နေ့ခင်းပိုင်း မြူဆိုင်းပြီးအပူချိန်မြင့်မယ်၊ ဒေသရဲ့ ၂၀ ရာနှုန်း မိုးရွာနိုင်ပြီး အပူချိန် ၂၆ မှ ၃၇ ဒီဂရီစင်တီဂရိတ်ထိရှိနိုင်မယ်လို့ ဆိုပါတယ်။