စပိန်နိုင်ငံကို ဦးတည်နေတဲ့ သင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ တရားမဝင် မူးယစ်ဆေးဝါး ၅ တန်ကို ပနားမားရဲတပ်ဖွဲ့က ကာရစ်ဘီယံမှာ သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ကွန်တိန်နာတလုံးထဲက တရားမဝင်ပစ္စည်းတွေကို အကြီးမားဆုံးသိမ်းဆည်းမှု ဖြစ်လာကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အီကွေဒေါနိုင်ငံ ဂွါယာကီးလ်မှ ထွက်ခွာပြီး စပိန်ကို ဦးတည်သွားတဲ့ သင်္ဘောထဲက ပါဆယ်ထုပ်တွေကို ငှက်ပျောသီးကုန်တင်တဲ့ ကာရေဘီယံရှိ ကိုလွန်ဆိပ်ကမ်းမှာ တွေ့ရှိခဲ့တာပါ။
ပြည်သူ့လုံခြုံရေးဝန်ကြီး ဟွမ်န်မာနူယယ်ပီနိုက “ဒါဟာ မဟာဗျူဟာကျကျ နိုင်ငံခြားရေးမူဝါဒကို ချုပ်ကိုင်မှုဗျူဟာတခုဖြစ်ပြီး ပနားမားက ဒီရာဇဝတ်အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်အထိ ပနားမားအာဏာပိုင်တွေဟာ မူးယစ်ဆေးဝါး ၁၉ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
မနှစ်က နိုင်ငံအတွင်း ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးမှု ၁၁၉ မှုရှိပြီး အများစုမှာ ကိုကင်းတွေ ဖြစ်ပါတယ်။
Source/Photo-Reuters