Home
မြန်မာသတင်း
ကလေးမြို့နယ်၌ စစ်ကြောင်းဘေးလွတ်ရာထွက်ပြေးရင် ရွာသား ၁ ဦး  အမောဖောက်သေဆုံး
DVB
·
March 1, 2024
vit 132024

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ထိုမာရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးကြရင်း ရွာသားတယောက်  အမောဖောက်ကာ သေဆုံးသွား ပါတယ်။

ဖေဖော်ဝါရီ  ၂၈ ရက် မနက်ပိုင်းက အသက် ၃၅ နှစ်အရွယ် ထိုမာရွာသား  ဦးမဲအောင်ဟာ စစ်ကောင်စီတပ်တွေ ရွာကိုဝင်လာပြီ သတင်းကြားတာကြောင့် ရုတ်တရက်ထွက်ပြေးရင်း တောလမ်းမှာပဲ အမောဖောက်ကာ  သေဆုံးသွားခဲ့တာလို့ ထိုမာရွာသားတဦးက ပြောပါတယ်။

"ပြေးကြရင်းရွာက ဦးမဲအောင်လမ်းမှာ အမောဖောက်ပြီး သေသွားခဲ့တာ။ သူ့မှာဘာ‌ ရောဂါအခံမှ မရှိဘူး။ ကြောက်အားလန့်အားနဲ့‌ ခြေလျင်ပြေးကြရတာဆိုတော့ အမောထဖောက်ပြီး ပွဲချင်းပြီး ဆုံးသွားတာ။ စစ်သားတွေကလည်း ရွာကိုဝင်လာတဲ့အချိန်ဆိုတော့ သူ့မကယ်နိုင် ကိုယ့် မကယ်နိုင် ပြေးကြရတဲ့အချိန်။ သူ့ရဲ့အလောင်းကိုလည်း တောမှာမြေမြှုပ်လိုက်ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ မနက်ပိုင်းမှာ ကလေးမြို့တွင်း စစ်ဌာနချုပ်‌တွေကနေ မြို့နယ် တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်ကတဆင့် ထိုမာကျေးရွာဘက်ကို စတင် ထိုးစစ်ဆင်ခဲ့တာပါ။

လက်ရှိ စစ်ကြောင်းဟာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး ထိုမာရွာအတွင်းနဲ့ နည်းပညာတက္ကသိုလ်မှာ ရှိ‌နေတာကြောင့် ဒေသခံတွေကတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ထိုမာရွာ၊ သာယာကုန်းရွာနဲ့ ထောက်ကြံ့ရွာက ဒေသခံ ၁၅၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ တခြားကျေးရွာဘက်တွေကို ထွက်ပြေးနေကြရ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013