ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ နေအိမ် တလုံးမှာ ဆေးလိပ်မီးကတဆင့် ကူးစက်လောင်ကျွမ်းပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသား တဦးက "မနက် ၅ နာရီလောက်က စလောင်တာ။ ဆေးလိပ်မီးကနေ ခြင်ထောင်ကို မီးစွဲရာကနေတဆင့် ဘေးထရံကို လောင်ပြီး ဘေးအိမ်ကို မီးကူးသွားတာ။ မီးလောင်တာ ကတော့ သိပ်မကြာဘူး။ မိနစ် နှစ်ဆယ်လောက်ပဲ ကြာတယ်။ နေအိမ် နှစ်လုံးကတော့ မီးလောင် သွားတယ်"လို့ ပြောပါတယ်။
မီးလောင်မှုကို ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် မနက် ၅ နာရီ ၂၀ လောက်မှာ မီးငြိမ်းသွားခဲ့ပြီး လူတွေ ထိခိုက်မှု မရှိခဲ့ပါဘူး။