Home
မြန်မာသတင်း
ပုလောမြို့နယ်၌ နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်း ဖွဲ့စည်း
DVB
·
March 1, 2024
pu 132024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းကို ဖွဲ့စည်း လိုက်တယ်လို့ ဒု-စစ်ကြောင်းမှူး ကိုနေဝန်းက  ပြောပါတယ်။

ပူးပေါင်းစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ ညွှန်ကြားချက်အရ ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းရဲ့ ဒု-စစ်ကြောင်းမှူး ကိုနေဝန်းက “ရည်ရွယ်ချက်ကတော့ အဖွဲ့တွေ တစုတစည်းတည်းနဲ့ စစ်ရေးဖော်ဆောင်နိုင်ဖို့ပါ။ စစ်ကြောင်းအသစ်အနေနဲ့လည်း စစ်ရေးလှုပ်ရှားမှုတွေကို တစုတစည်းတည်း စနစ်တကျလုပ်ဆောာင်သွားမှာပါ”လို့ ပြောပါတယ်။

စစ်ကြောင်းဖွဲ့စည်းရာမှာ KNDO တပ်ရင်း (၇) ၊ KNDOတပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄)၊ တပ်ခွဲ (၅)၊ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောစစ်ကြောင်း ၁၊ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းနဲ့ တောကြီးမြွေဟောက်အဖွဲ့တွေ ပါဝင် ပါတယ်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “NUGနဲ့ KNU ညွှန်ကြားချက်အရ ဖွဲ့စည်းတာပါ။ ပုလောမြို့နယ်မှာရှိတဲ့ အဖွဲ့တွေ တခုနဲ့တခု အချိတ်အဆက် မိမိ အလုပ်လုပ်သွားဖို့အတွက်ပါ”လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာ အခုလို ပူးပေါင်းစစ်ကြောင်းမျိုးမဟုတ်ဘဲ ပူရိယက္ခစစ်ကြောင်း၊ ပုလော စစ်ကြောင်း ၁ နဲ့ မိကျောင်းစစ်ကြောင်းတို့  အရင်က  ဖွဲ့စည်းခဲ့ဖူးပါတယ်။

၂၀၂၃ ခုနစ်၊ နိုဝင်ဘာ ၂၅ ရက်ကလည်း တနင်္သာရီမြို့နယ်မှာ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) တို့ ပူးပေါင်းပြီး တောင်ပိုင်းညီနောင်များစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013