Home
အားကစား
ခွန်ခမာလက်ဝှေ့ပွဲတွင် ထွန်းထွန်းမင်းအမှတ်နှင့် ရှုံးနိမ့်ပြီး ကျော်စွာဝင်းပထမအချီတွင် အနိုင်ရ
DVB
·
March 1, 2024
lat 132024

ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပတဲ့ ခွန်ခမာလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့သမား ထွန်းထွန်းမင်းက ကမ္ဘောဒီးယားဖိုက်တာကိုအမှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ကျော်စွာဝင်းကတော့ ထိုင်းဖိုက်တာကို ပထမအချီမှာပဲ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနာမည်ကြီးလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ ၈၀ ကီလိုတန်းမှာ အိမ်‌ရှင် ကမ္ဘောဒီးယားနိုင်ငံသား ပရွန်ဆမ်နမ်နဲ့ ထိုးသတ်ခဲ့ပြီး ၃ မိနစ် ၃ ချီလုံး အသာစီးကစားပေမဲ့ သရေကျခဲ့တာကြောင့် အမှတ်နဲ့ဆုံးဖြတ်ရာ ပရွန်ဆမ်နမ်က အနိုင်ရရှိခဲ့ပါတယ်။

ထွန်းထွန်းမင်းက ပထမအချီနဲ့ ဒုတိယအချီ ခြေကန်ချက်အသာ ထိုးကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့  တတိယအချီ‌မှာ သက်လုံကျပြီး ကစားအားကျ‌လာခဲ့တာကြောင့် သရေကျခဲ့ပြီး ဒိုင်အဆုံးအဖြတ်ခံယူရာမှာ ၂ မှတ် ၁ မှတ်နဲ့ ပရွန်ဆမ်နမ်က အနိုင်ယူပြီး ချန်ပီယံခါးပတ်ရရှိခဲ့ ပါတယ်။

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း ခွန်ခမာလက်ဝှေ့ ၈၁ ကီလို ဝိတ်တန်းဗိုလ်လုပွဲမှာတုန်းကလည်း ထွန်းထွန်းမင်းဟာ ပရွန်ဆမ်နမ်ကို အမှတ်နဲ့ ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုသာ ရရှိခဲ့ပါတယ်။

မြန်မာလက်ဝှေ့ကစားသမား ကျော်စွာဝင်းကတော့ ၆၉ ကီလိုဝိတ်တန်းမှာ ထိုင်းဖိုက်တာ ပတ်ချဖူရာဖာကို ပထမအချီမှာပဲ အနိုင်ရရှိခဲ့ပါတယ်။

ကျော်စွာဝင်းဟာ ပွဲစကတည်းက အသားစီးထိုးခဲ့ပြီး ပထမအချီပြီးဖို့ ၈ စက္ကန့်အလိုလောက်မှာ ပြိုင်ဘက်ထိုင်းဖိုက်တာရဲ့ ညာလက်သီးကို ခေါင်းနဲ့ ခံလိုက်တာကြောင့် ထိုင်းလက်ဝှေ့သမား လက်ကျိုးသွားပြီး ကျော်စွာဝင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013