Home
နိုင်ငံတကာ
ဗြိတိန် အကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွင် Oppenheimer ဇာတ်ကားက ဆု ၇ ဆုသိမ်းပိုက်
DVB
·
February 19, 2024
BestFilmAward_19022024

ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲ (ဘက်ဖ်တာ) ကို ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပရာ Oppenheimer ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆု အပါအဝင် ဆု ၇ ဆုအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲမှာလိုပဲ ခီလီယန်မာဖီက ဇာတ်ဆောင်ဆု၊ ရောဘတ်ဒေါင်းနီးဂျူနီယာက ဇာတ်ပို့ဆု၊ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်က အကောင်းဆုံးဒါရိုက်တာဆု ရခဲ့ပါတယ်။

မာဖီဟာ အက်တမ်မစ်ဗုံးရဲ့ ဖခင်ကြီးလို့ ထင်ရှားတဲ့ ဂျေရောဘတ်အိုပင်ဟိုင်းမား အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Poor Things ဇာတ်ကားကလည်း ဆုငါးဆုအထိ ရခဲ့ပြီး အမ်မာစတုန်းရဲ့ အမျိုးသမီးဇာတ်ဆောင်ဆု အပါအဝင် ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ The Holdovers ဇာတ်ကားနဲ့ ဒါဗိုင်းဂျွိုင်း ရန်းဒေါ့ဖ်က ဆွတ်ခူးသွားပါတယ်။

Oppenheimer ဇာတ်ကားဟာ ရွှေကမ္ဘာလုံးနဲ့ ဘတ်ဖ်တာဆုတွေ သိမ်းကြုံးယူပြီးတာကြောင့် နောက်သုံးပတ်အကြာမှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာပါ ဆက်လက်အောင်ပွဲခံနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အိုင်းရစ်ရှ်သရုပ်ဆောင် မာဖီအတွက် ပထမဆုံး ဘတ်ဖ်တာဆု ဖြစ်ခဲ့ပါတယ်။

ဒေါင်းနီးဂျူနီယာအတွက်ကတော့ နှစ်ပေါင်း ၃၁ နှစ်ကြာမှာ ဒုတိယအကြိမ် ရခဲ့တာ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်တုန်းက နာမည်ကျော် ဟာသ သရုပ်ဆောင်ကြီး ချာလီချက်ပလင်အကြောင်း ရိုက်ကူးထားတဲ့ Chaplin ဇာတ်ကားနဲ့ ဒေါင်းနီးဂျူနီယာဟာ တကြိမ်ရခဲ့ဖူးပြီး ကြားထဲမှာ နှစ်အကြာဆုံးကွာဟပြီးမှ ဆုပြန်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အမ်မာစတုန်းကလည်း ဘတ်ဖ်တာဆု ဒုတိယအကြိမ်ရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013