Home
နိုင်ငံတကာ
ပျံတက်မည့် လေယာဉ်တံခါးကို ဖွင့်ခဲ့သည့် ကနေဒါနိုင်ငံသားကို တရားစွဲ
DVB
·
February 11, 2024
Canadian passenger arrested in Thailand for opening plane door

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေယာဉ်ကွင်းကနေ ပျံတက်ဖို့ ပြင်ဆင်နေတဲ့ ထိုင်းအဲဝေး လေယာဉ်တံခါးကို ဖွင့်ခဲ့တဲ့ ကနေဒါနိုင်ငံသား ခရီးသည်တဦးကို ဖေဖော်ဝါရီ ၈ ရက်က တရားစွဲဆိုထားတယ်လို့ ထိုင်းရဲတွေကို ကိုးကားပြီး ရိုက်တာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေဆိပ်မှာ လေကြောင်းခရီးစဉ် တဒါဇင်ကျော် ရွှေ့ဆိုင်းသွားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

ခရီးသည်ရဲ့ ရှေ့နေ ကျိဝါရတ် ယာန်ကီယတ်ပတ်ခ်ဒီက သူ့အမှုသည်ဟာ အန္တရာယ်ရှိနေတယ်လို့ ယုံကြည်လို့ လေယာဉ်တံခါးကို ဖွင့်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ ပြည်တွင်းမီဒီယာကို ပြောပါတယ်။

ဒီခရီးသည်ဟာ သူ့ရောဂါကိုကုသဖို့ ဆေးဝါးအများအပြားကို သုံးခဲ့ပေမယ့် သူ့ရောဂါအကြောင်းကို စုံစမ်းစစ်ဆေးသူတွေက ထုတ်မပြောခဲ့ဘူးလို့  ဒေသခံရုပ်သံလွှင့်ဌာန TPBS က အစီရင်ခံပါတယ်။

စစ်ဆေးပြီးတဲ့နောက် လေယာဉ်ဟာ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေ အားလုံးနဲ့အတူ ဘေးကင်းကင်း ထွက်ခွာနိုင်ခဲ့တယ်လို့ Thai Airways က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013