သြစတြေးလျ စာရေးဆရာ ယန်ဟန်းကျန်းကို တရုတ်နိုင်ငံမြို့တော် ပေကျင်းတရားရုံးက ဆိုင်းငံ့သေဒဏ် ပေးလိုက်တာဟာ “ဒေါသထွက်စရာ” ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဒီစီရင်ချက်ဟာ သြစတြေးလျ-တရုတ် ဆက်ဆံရေး ဘယ်လို တိုးတက်ကောင်းမွန်လာမလဲ ဆိုတာ မြင်ရဖို့ ခဲယဉ်းသွားပြီလို့လည်း HRW ရဲ့ အာရှဌာနခွဲ ဒါရိုက်တာ အီလိန်း ပီယာဆန်က ပြောခဲ့တာပါ။
ယန်ဟာ ၂၀၁၉ ခုနှစ်က ကွမ်ကျိုးလေဆိပ်မှာ အဖမ်းမခံရခင် တရုတ်နိုင်ငံမှာမွေးတဲ့ သြစတြေးလျနိုင်ငံသား ဖြစ်ခဲ့ပါတယ်။
ယန်ဟာ တရုတ်အစိုးရက လူသိရှင်ကြား မဖော်ထုတ်နိုင်သေးတဲ့ နိုင်ငံတခုအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရပြီး သူနဲ့ပတ်သက်တဲ့ အမှုအသေးစိတ်ကို လူသိရှင်ကြား မထုတ်ပြန်သေးပါဘူး။
၂၀၂၁ ခုနှစ် မေလမှာ ပေကျင်းတရားရုံးက ယန်ရဲ့ တရားခွင်ကို လျှို့ဝှက်ကြားနာခဲ့ပြီး လူသိရှင်ကြား ထုတ်ဖော်မပြောခဲ့ပါဘူး။
သြစတြေးလျ ဒါမှမဟုတ် အမေရိကန်အတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်ကို ယန်က ငြင်းဆိုထားပါတယ်။
Source/Photo-Reuters