Home
အားကစား
လူငယ်ကြယ်ပွင့် မိန်နူးကို စာချုပ်သစ်နှင့် လုပ်ခတိုးပေးရန် မန်ယူစီစဉ်
DVB
·
February 3, 2024
minoo 222024

မန်ချက်စတာယူနိုက်တက် အသင်းဟာ လူငယ်ကြယ်ပွင့် ကိုဘီမိန်နူးကို စာချုပ်သစ်နဲ့ အတူ လုပ်ခပါတိုးပေးဖို့ စီစဉ်နေပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်ဟာ အခုနှစ်ရာသီမှာ အသင်းကြီးနဲ့အတူ စတင် ပွဲထွက်ခွင့်ရလာပြီးနောက် ခြေစွမ်းပြနေသူပါ။

အသင်းအတွက် စုစုပေါင်း ၁၀ ပွဲကစားထားပြီး နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ နယူးပေါ့သ်၊ ဝုဗ်အသင်းတွေနဲ့ပွဲမှာ နှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မိန်နူးဟာ ၂၀၂၂ ခုနှစ်က အသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပြီး တိုးတက်လာတဲ့ စွမ်းဆောင်ရည်အရ မန်ယူအသင်းအနေနဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ပြီး လုပ်ခပါတိုးပေးဖို့ စီစဉ်လာခဲ့တာပါ။

ယူနိုက်တက် အသင်းဟာ မေဆန်ဂရင်းဝုဒ်၊ ဂါနာချို အစရှိတဲ့ လူငယ်ကစားသမားတွေကိုလည်း စွမ်းဆောင်ရည်အပေါ်မူတည်ပြီး လုပ်ခတိုးမြှင့်ခဲ့တာတွေရှိခဲ့ပြီး မိန်နူးကိုလည်း အလားတူ ချီးမြှင့်သွားဖို့ အခုနှစ်ရာသီအကုန်မှာ လုပ်ဆောင်မယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ မိန်နူးရဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းနိုင်ဖို့နဲ့ ပုံမှန် ပွဲထွက်ခွင့်ဆက်လက်ရရှိစေဖို့သာ အာရုံစိုက်ခိုင်းထားတယ်လို့ သိရပါတယ်။

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024