Home
နိုင်ငံတကာ
ဟေတီ၌ အစိုးရကို ဆန့်ကျင် ဆန္ဒပြ
DVB
·
February 2, 2024
Haitians protest over rising fuel prices and crime, in Port-au-Prince

လက်တင်အမေရိကနဲ့ ကယ်ရစ်ဘီယံဒေသထဲမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့ထ်အောပရင့်စ်မှာ ဇန်နဝါရီ ၃၁ ရက်က ဝန်ကြီးချုပ် အေရီယယ် ဟင်နရီရဲ့အစိုးရကို ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြရင်း အတားအဆီးတွေ မီးရှို့ခံခဲ့ရ ပါတယ်။ 

လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ရေး ပိုဆောင်ရွက် ပေးဖို့လည်း တောင်းဆို ခဲ့ကြပါတယ်။

ဟေတီနိုင်ငံမှာ မြို့တော်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ မဟာမိတ်တွေကြားမှာ ပိုဆိုးလာတဲ့ ပဋိပက္ခကို ရင်ဆိုင်နေရပြီး အကြမ်းဖက်ဂိုဏ်းတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လုယက်မှုတွေနဲ့ မဆင်မခြင် သတ်ဖြတ်မှုတွေနဲ့အတူ သူတို့ နယ်မြေ တွေကို ကျေးလက်ဒေသတွေဆီ ချဲ့ထွင်ခဲ့ကြတာပါ။

တချိန်တည်းမှာပဲ ဂိုဏ်းတွေဟာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေပေါ်က လူတွေကို ပစ်မှတ်ထားပြီး သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီက စျေးကြီးတဲ့ ပြန်ရွေးငွေရဖို့ ပြန်ပေးဆွဲတာ တွေဟာ ၂၀၂၂၂ ခုနှစ်တုန်းကထက် နှစ်ဆနီးပါး တိုးလာကာ တနှစ်အတွင်း အမှုပေါင်း ၂၅၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။

အကြမ်းဖက်မှု လှိုင်းလုံးတွေကြားမှာ လူပေါင်း သုံးသိန်းကျော်ဟာ ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဆိုထားပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013