ဘိုလီးဗီးယားနိုင်ငံ အနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ ရေလွှမ်းမိုးမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက ဇန်နဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တီပွားနီဒေသမှာ ရေကြီးရေလျှံမှုတွေကြောင့် ပိတ်မိနေတဲ့ မော်တော်ယာဉ်တစီးရဲ့ ဓာတ်ပုံတွေကို ဒေသတွင်း မီဒီယာတွေမှာ ဝေမျှခဲ့ကြပြီး ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း အခင်းဖြစ်နေရာမှာ လူ ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း လာပက်ဇ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဒေသမှာ အနည်းဆုံး အိမ်ခြေ ၉၅ လုံး ပျက်စီးခဲ့ပြီး မိသားစု ၂၅၆ စု ထိခိုက်ခဲ့ကြောင်း ဒေသမီဒီယာတွေက ပြောကြားခဲ့ပါတယ်။
တီပွားနီ မြို့တော်ဝန် ဖနန်ဒို ဗီရာက အဲဒီဧရိယာကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာခဲ့ပါတယ်။
Source/Photo-Reuters