Home
မြန်မာသတင်း
ထိုင်းဘုရင့်ကြည်းတပ်ဗိုလ်ချုပ်ကြီးနှင့် မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေး  
DVB
·
January 17, 2024
Thai Army meet SAC_17012024

ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးအဖွဲ့ အကြီးအကဲဟာ နေပြည်တော်ကို လာရောက်ပြီး ဇန်နဝါရီ ၁၆ ရက်က မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံကာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စတွေ  ဆွေးနွေးခဲ့ကြပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်၊ ထိုင်းစစ်တပ်စစ်ဆင်ရေးစင်တာနဲ့ အိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းရေးစင်တာ NCCC)ဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ခေတ်တီဆတ်ခ် ဘွန်းပရာသမ်ကျိုင်တို့ မနေ့မနက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်တပ်အရာရှိကြီးတွေ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ဘက်ကလည်း အရာရှိကြီးတွေနဲ့  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကလည်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးတို့ အွန်လိုင်းက တွေ့ဆုံပြီး မြဝတီမြို့နယ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားတွေနဲ့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို  ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

Photo- DSINFO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013