Home
မြန်မာသတင်း
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယာဥ် ၃ စီး ဆင့်တိုက်
DVB
·
January 15, 2024
Car accident_15012024

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမပေါ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်မိပြီး  အမျိုးသားတယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လမ်းပေါ်ရပ်ထားတဲ့ စည်ပင်ဌာနပိုင် TE ရေသယ်ယာဉ်ကို တိုယိုတာ ခရောင်းယာဉ်က တိုက်မိပြီး တိုယိုတာ လိုက်ထရပ်ယာဉ်ကပါ ထပ်တိုက်မိလို့ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံတဦးက “အဲ့ဒီရေသယ်ယာဉ်က သစ်ပင်လိုက်လောင်းတာလေ၊ ရပ်ထားရင် အချက်ပြမီး ဖွင့်ထားရမှာကို တခါမှမဖွင့်ဘူး။ အဝေးက အရှိန်နဲ့လာတဲ့ကားတွေက တိုက်မိတာပေါ့။ ကိုယ်တွေလည်း ခဏတိုင်းဖြစ်တယ်။ သစ်ပင်ရေလောင်းတာ မနက်စောစော လင်းတဲ့အချိန်တွေ မလောင်းဘူး၊ မှောင်ပြီဆို လောင်းပြီ။ ယာဉ်တိုက်မှုကို ဖိတ်ခေါ်နေသလို ဖြစ်နေတာပေါ့။ သက်ဆိုင်ရာက ကြပ်မတ်ပေးသင့်တယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ၆ ဦးထဲက ယာဉ်မောင်း အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရ‌ကြောင်းနဲ့ လူနာကို သဗ္ဗသုခ အလုံးစုံ အခမဲ့ နာရေးကူညီမှု အသင်းအကူအညီနဲ့ နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ တိရစ္ဆာန်ဥယျာန်နားမှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပါဝင်ကူညီခဲ့တဲ့ ပရဟိတအသင်းကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024