Home
အားကစား
အမေရိကန် UFC ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား အနိုင်ရ
DVB
·
January 14, 2024
Joshua_14012024

အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၁၄ရက် ဒီ‌ကနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ UFC Fight Night 234 ပြိုင်ပွဲမှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူးနက်စ်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျိုရှုအာဗန်ဟာပွဲစထဲက ခြေကန်ချက်၊ ဒူးတိုက်ချက်နဲ့ လက်သီးအားတွေ အသုံးပြု အသာစီးကစားခဲ့ပြီး ဒုတိယအချီ ၂၉ စက္ကန့်မှာပဲ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဂျိုရှုအာဗန်ဟာ ပွဲအတွက် ပြင်ဆင်ရင်း ၃ ပတ်ဆက်တိုက် နေမကောင်းဖြစ်နေပေမဲ့ အားပေးနေတဲ့ မြန်မာပရိသတ်တွေရှေ့မှာ ရှုံးပွဲမကြုံတွေ့ခြင်းကြောင်းနဲ့ ဒုတိယအချီမှာပင် အလဲထိုး ဒါမှမဟုတ် ချုပ်ကွက်နဲ့အနိုင်ယူသွားမယ်လို့ ပြိုင်ပွဲမစခင်အင်တာဗျူးမှာ ဖြေထားပါတယ်။

ယခုပွဲဟာ ဂျိုရှုအာဗန်အတွက် UFC စာချုပ်ချုပ်ပြီး ၃ ပွဲမြောက်ပြိုင်ပွဲဖြစ်ပြီး ပထမ ၂ ပွဲမှာ ကာဇက်စတန်နိုင်ငံသား ရှုမာဂူးလော့စ်နဲ့ ပီရူးနိုင်ငံသား ကီဗင်ဘိုးဟို့စ်တို့ကို အမှတ်ဖြင့် အနိုင်ရရှိထားပါတယ်။

ပရော်ဖက်ရှင်ကစားသမားဘဝ စခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဂျိုရှုအာဗန်ဟာ ၁၁ ပွဲထိုးသတ်ခဲ့ပြီး ၁၀ ပွဲအနိုင်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013