တီမိုဗာနာဟာ ကွဲပြားခြားနားတဲ့ တိုက်စစ်မှူးဖြစ်နေပြီလို့ စပါးအသင်းနည်းပြ ပို့စ်တီကိုဂလူက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။
ဂျာမနီတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်း ဟောင်းလိုက်ပ်ဇစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ရတာပါ။
လက်ရှိအချိန်မှာ စပါးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဗာနာရဲ့ အဆုံးသတ် စွမ်းရည်အပေါ် လှောင်ပြောင်မှုတွေရှိလာခဲ့တာပါ။
စပါးနည်းပြ ပို့စ်တီကိုဂလူကတော့ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်က အခြေအနေထက် လက်ရှိ စွမ်းဆောင်ရည်ကသာ အဓိကဖြစ်ပြီး ဗာနာဟာ ကွဲပြားခြားနားတဲ့ ကစားသမားဖြစ်လာပြီ ဖြစ်ကြောင်း ပြောပါတယ်။
“ဗာနာက ကွဲပြားခြားနားတဲ့ ကစားသမားဖြစ်သလို ကွဲပြားခြားနားတဲ့ လူ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ပြောရဲပါတယ်။ ကျနော်တို့ အားလုံးဟာ ဒီလိုပဲ အဆင့်ဆင့်ပြောင်းလဲ လာရတာပါပဲ။။ သူဟာ အရင်ကထက်ပိုပြီး ရင့်ကျက်လာပြီး မတူညီတဲ့ အခြေအနေကိုရောက်ရှိနေပါပြီ”လို့ ပို့စ်တီကိုဂလူကပြောပါတယ်။
အသက် ၂၇ နှစ်ရှိ ဗာနာဟာ ချဲလ်ဆီးမှာ ၈၉ ပွဲ ကစားခဲ့ပြီး ၂၃ ဂိုး သွင်းခဲ့ပါတယ်။
Photo-Reuters