အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ် လက်ထိဘောဖြစ်ခဲ့ပေမဲ့ ပင်နယ်တီမပေးခဲ့တဲ့အပေါ် လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်သွားပါတယ်။
အိုဒီဂတ်ဟာ ဆာလာနဲ့ ဘောလုံးယှဉ်လုရာမှာ ပင်နယ်တီဧရိယာစည်းအတွင်းမှာ လက်ထိဘောဖြစ်ခဲ့ပြီး ဆာလာနဲ့ ပရိသတ်တွေက ဝိုင်းဝန်း တောင်းဆိုခဲ့ကြပေမဲ့ ဒိုင်လူကြီးက VAR နဲ့ ပြန်မစစ်ဆေးခဲ့သလို ပြစ်ဒဏ်ဘောသတ်မှတ်ပေး ခြင်းလည်းမရှိခဲ့ပါဘူး။
လီဗာပူးနည်းပြ ကလော့ပ်ကတော့ အိုဒီဂတ် လက်ထိသွားတာကို မြင်တွေ့ခဲ့ရပြီး ဘာကြောင့် လက်ထိဘောအဖြစ် သတ်မှတ်ပေးခြင်းမရှိသလဲ ဆိုတာကို နားမလည်နိုင်တဲ့အတွက် တစ်စုံတစ်ယောက်က ရှင်းပြေပေးစေချင်ကြောင်း ပြောပါတယ်။
ကွင်းလယ်ဒိုင် ခရစ်ကာဗန်နက်ချ်အနေနဲ့လည်း မြင်တွေ့ရခြင်း ရှိ၊ မရှိ ဆိုတာ မသေချာကြောင်းနဲ့ မမြင်ခဲ့ဘူးဆိုရင်လည်း VAR အကူအညီရယူသင့်ကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ သရေရလဒ်သာ ရယူနိုင်ခဲ့လို့ ထိပ်ဆုံးနေရာ တက်ရောက်ခွင့် လွဲချော်ခဲ့ပြီး တစ်မှတ်အကွာ ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
Photo-REUTERS/Carl Recine