Home
နိုင်ငံတကာ
နော်ဝေ အပျော်စီးသင်္ဘော လှိုင်းရိုက်ခံပြီး ထိခိုက်ပျက်စီး
DVB
·
December 22, 2023
A handout image of the Norwegian cruise ship MS Maud, in Westfjords

နော်ဝေ အပျော်စီးသင်္ဘောကြီး MS Maud ဟာ မြောက်ပင်လယ်မှာ ရွက်လွှင့်နေတုန်း လှိုင်းလုံးကြီးတလုံး ရိုက်ခတ်လိုက်မှုကြောင့် သင်္ဘောရဲ့ အဓိက ပင်မထိန်းချုပ်ခန်းမှ ပြတင်းအကာမှန်ချပ်တွေကွဲသွားပြီး သင်္ဘောကို လမ်းကြောင်းထိန်းညှိ သွားလာနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရကြောင်း ဒိန်းမတ်အာဏာပိုင်တွေနဲ့ သင်္ဘောပိုင်ရှင်တို့က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ခရီးသည် ၂၆၆ ဦးနဲ့ အမှုထမ်း ၁၃၁ ဦးတို့ ဘေးကင်းလုံခြုံခဲ့ပြီး အခြေအနေတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ကာ ဂရင်းနစ်စံတော်ချိန် ၂၂၃၀ နာရီမှာ သင်္ဘောကို ဒိန်းမတ်ဆိပ်ကမ်းကို စတင်ဆွဲသွားဖို့ အာဏာပိုင်တွေက ရည်မှန်းထားပါတယ်။

နော်ဝေနိုင်ငံရဲ့ ဟားတိ ဂရူတူ ကုမ္ပဏီအုပ်စုမှ HX သင်္ဘောဟာ နော်ဝေရှိ ဖလော်ရိုမှ ယူကေရှိ တင်းလ်ဘရီကို ရွက်လွှင့်နေတုန်း ဒိန်းမတ် အနောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ လောက်အကွာ၊ ဗြိတိန် အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၃၀ လောက် အကွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် သင်္ဘောထိန်းချုပ်ခန်းရဲ့ မှန်ပြတင်းတွေ ကွဲကျခဲ့ရာကနေ ရေတွေဝင်ရောက်ခဲ့ပြီး ထိန်းချုပ်ခန်းထဲရှိ လျှပ်စစ်ဓာတ်အား ချို့ယွင်းမှုဖြစ်သွားကြောင်း ဒိန်းမတ် ပူးပေါင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာမှ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ သင်္ဘောကို အင်ဂျင်ခန်းမှ လူကိုယ်တိုင် ပဲ့ကိုင်နေပေမဲ့လည်း လမ်းကြောင်းထိန်းလို့ မရသေးပါဘူး။

သင်္ဘောကို ဆိပ်ကမ်းအထိ အရောက်ဆွဲသွားလို့ရအောင် အရပ်ဘက်ကယ်ဆယ်ရေး ရေယာဉ်တွေက ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Source/Photo-Reuters/Magnus Thor Hafsteinsson

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013