Home
နိုင်ငံတကာ
နော်ဝေအိမ်ရှေ့မင်းသမီး၏ သားတော်ကို မုဒိမ်းမှုသံသယဖြင့် ဖမ်းဆီး
DVB
·
November 20, 2024
Photo: Reuters

နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသမီး မက်တေမာရစ်တ်ရဲ့ သားတော် မာရိစ် ဘို့ဂ်ဟိုဘီကို မုဒိမ်းမှုသံသယနဲ့ ဖမ်းဆီးလိုက်ကြောင်း နော်ဝေရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အင်တာနက် အဖွင့်စာမျက်နှာက ထုတ်ပြန်ချက်တခုမှာ ရဲတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၈ ရက် နှောင်းပိုင်းက အော်စလိုရှိ ကားတစီးထဲမှာ မာရိစ် ဘို့ဂ်ဟိုဘီကို ဖမ်းဆီးခဲ့ကြောင်း ပြောထားပြီး မုဒိမ်းမှု အပါအဝင် ပဏာမစွဲချက်တွေကို ထပ်တိုးထားတယ်လို့လည်း ဆိုပါတယ်။

သြဂုတ်လအစောပိုင်းကတည်းက ရဲတပ်ဖွဲ့ကို ခေါ်ယူ အနှောင့်အယှက်ပေးလို့ ဘို့ဂ်ဟိုဘီ ခေတ္တထိန်းသိမ်းခံခဲ့ရပြီး ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု၊ တားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ ထိခိုက်မှုဖြစ်စေတဲ့ ပဏာမစွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နန်းမွေဆက်ခံသူ အိမ်ရှေ့မင်းသား ဟာကွန်နဲ့ လက်မထပ်ခင်က  အိမ်ရှေ့မင်းသမီး  မက်တေ မာရစ်တ်ဟာ အရင်အိမ်ထောင်နဲ့ အသက် ၂၇ နှစ်ရှိ ဘို့ဂ် ဟိုဘီ ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဘို့ဂ်ဟိုဘီမှာ ထမ်းဆောင်ရမယ့် တော်ဝင်တာဝန်တွေ မရှိပါဘူး။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024