၂၀၂၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဂျပန်အနုမြူဗုံးကြဲခံရမှုမှာ ကျန်ခဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ နီဟွန် ဟီဒန်ကရို (Nihon Hidankyo) အဖွဲ့က ရရှိသွားပါတယ်။
ဟီရိုရှီးမားနဲ့ နာဂါဆာကီကို အနုမြူဗုံးကြဲခံရပြီး အဲ့ဒီဗုံးကြဲမှုမှာ ကျန်ခဲ့တဲ့သူတွေကို နိုဘယ်ဆု ပေးခြင်းအားဖြင့် အနာဂတ်မှာ နိုင်ငံတွေအတွက် နျူကလီးယားလက်နက်အသုံးမပြုဖို့ သတိပေးချက်ဖြစ်ပါတယ်။
နျူကလီးယားဗုံးကြဲခံရပြီးနောက် ဓာတ်ရောင်ခြည်ထိမှန်ခံစားခဲ့ရသူတွေကို ဟီဘာကူရှာလို့ ခေါ်ပြီး ဂျပန်အစိုးရက လူဦးရေ ၆၅၀၀၀၀ ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ မတ် ၃၁ ရက် မှတ်တမ်းအရ ဟီဘာကူရှာတွေ ၁၀၆၈၂၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံကို အမေရိကန်က ၁၉၄၅ ခုနှစ်ဩဂုတ်လမှာ အနုမြူဗုံးကြဲ ချခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ နှစ်ပေါင်း ၈၀ ပြည့်မှာ ဖြစ်ပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက နိုင်ငံအမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘဲ နျူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ အနုမြူဗုံးတွေ အသုံးပြုမယ့်ကိစ္စကို စဉ်းစဉ်းစားစားချင့်ချင့်ချိန်ချိန်ပြုလုပ် ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
နော်ဝေနိုဘယ်ဆုကော်မတီက နျူကလီးယား လက်နက်အရေးနဲ့ပတ်သက်ပြီး အမြဲတမ်း အာရုံစိုက် တတ်တာတွေ့ရပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း နျူကလီးယားလက်နက်တွေ ဖျက်သိမ်းရေးနိုင်ငံတကာ ကမ်ပိန်း ပြုလုပ် ခဲ့မှုတဲ့ ICAN ကိုလည်း ဆုချီးမြှင့်ခဲ့တာတွေ့ရပါတယ်။
ဒီနိုဘယ်ဆုဟာ ဂျပန်နိုင်ငံအတွက် ဒုတိယမြောက် ဆုရရှိခဲ့တာဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်အီတာကူဆာတိုဟာ ၁၉၇၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။
နိုဘယ်ဆုရရှိသူတွေကို ဒေါ်လာ ၁ သန်း ဆုချီးမြှင့်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ အော်စလိုမြို့မှာ ချီးမြှင့်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ဟာ နိုဘယ်ဆုကို စတင်ဖန်တီးခဲ့တဲ့ အက်ဖရက်နိုဘယ်ကွယ်လွန်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။
အက်ဖရက်နိုဘယ်ဟာ ဒိုင်းနမိုက်ကို တီထွင်ခဲ့သူဖြစ်ပြီး လူမှုအကျိုးပြုပစ္စည်း တခုအဖြစ် အသုံးပြုဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဖခင်ဖြစ်သူနဲ့ သူ့ညီအပါအဝင် လူပေါင်းများစွာအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းကို တီထွင်ခဲ့မှုအတွက် လူထုအကျိုးဆောင်ရွက်သူတွေအတွက် ဆုချီးမြှင့်ဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters