Home
မြန်မာသတင်း
ရခိုင်နယ်ခြားစောင့်ရဲတပ်မှ ထွက်ပြေးလာသည့် ရဲနှင့် မိသားစု ABSDF ထံ ခိုလှုံ
DVB
·
December 12, 2023
Border Police Change to ABSDF_12122023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ်-၁ နယ်ခြားစောင့်ရဲတပ်ရင်း တပ်ခွဲ (၄) ကနေ ထွက်ပြေးလာတဲ့ ရဲတပ်သားတယောက်နဲ့ သူ့မိသားစုကို ABSDF ကျောင်းသားတပ်မတော်မှာ ခိုလှုံခွင့်ပေးထားတယ်လို့  ABSDF တာဝန်ရှိသူဆီက သိရပါတယ်။

မောင်တောမြို့နယ် အမှတ်-၁ နယ်ခြားစောင့်ရဲတပ်ရင်းက ရဲတပ်သား ချမ်းမြေ့အောင်ဟာ ဇနီးသည်၊ ၈ လသားအရွယ် ကလေးငယ်နဲ့အတူ ဒီဇင်ဘာ ၉ ရက်နေ့မှာ ABSDF ကို ဆက်သွယ်ခဲ့တာပါ။ 

ABSDF တာဝန်ရှိသူတစ်ဦးက “နောက်နောင်လည်း စကစ ယန္တရားအောက်မှာ ဝင်ရောက် တာဝန် ထမ်းဆောင်နေကြတဲ့ လူတွေအနေနဲ့ အမြန်ဆုံး လာရောက်ပူပေါင်းပြီး CDM လုပ်တာပဲဖြစ်ဖြစ် အလင်းဝင်တာပဲဖြစ်ဖြစ် လာရောက်ပူးပေါင်းရင် အမြဲကြိုဆိုနေပါတယ်။ သူတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးကအစ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးဖို့ အသင့်လည်းရှိကြပါတယ်” လို့ ပြောပါတယ်။

ရဲတပ်သား ချမ်းမြေ့အောင်မှာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တာဝန်ကျရာ မောင်တောမြို့မှ ရန်ကုန်ကို ထွက်ပြေးလာခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ရန်ကုန်မှာ နေထိုင်တဲ့အချိန် ဒလန်က စစ်ကောင်စီကို သတင်းပေးလို့ ရဲ၊ စစ်တပ်တို့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ပေမယ့် မိသားစုနဲ့အတူ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

ABSDF က ရဲတပ်သားနဲ့ သူ့မိသားစုကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ ကယ်ထုတ်ခဲ့ပြီး ခိုလှုံခွင့်ပေးထားကာ လက်ရှိအချိန်မှာ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ထားပြီး နေထိုင်စားသောက်ရေး ကိစ္စတွေ အဆင်ပြေရေး ဆောင်ရွက်ပေးထားပါတယ်။

ABSDF မှာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့လို့ ပြည်သူ့ဘက် ပြောင်းလာတဲ့ ရဲ၊ စစ်သားနဲ့ သူတို့မိသားစု  ၂၀ ကျော်ကို လက်ခံ ခိုလှုံခွင့်ပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024