Home
သတင်းဓာတ်ပုံ
ကလေးမြို့နယ်က မီးဘေးသင့်ပြည်သူတွေကို သိန်း ၈၀၀ ကျော်ဖိုး ထောက်ပံ့(ဓာတ်ပုံ)
DVB
·
December 11, 2023
409178657_876006427501361_6052307375178771759_n
409160991_876006027501401_4045230892703782927_n
408557828_876006097501394_4563967298538342750_n
408548807_876005994168071_5814602967664319342_n
408527225_876006260834711_8405264932716217930_n
408527225_876006174168053_7154451275076203773_n

စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်းရွာက မီးဘေးသင့်ဒေသခံတွေကို ပေးသောလက်ပရဟိတအဖွဲ့က ကျပ်သိန်း ၈၀၀ ကျော်ဖိုး အသုံးအဆောင်ပစ္စည်း‌တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ နတ်ချောင်းရွာခံ တွေက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်က နတ်ချောင်းရွာက မီးဘေးသင့်သူ ၂၁၇၂ အိမ်အတွက် သွားတိုက်ဆေး၊ ဆပ်ပြာ၊ ရေပုံး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းစတဲ့ အသုံးအဆောင်ပစ္စည်း‌တွေကို ကူညီထောက်ပံ့ ပေးခဲ့တာလို့ ဆိုပါတယ်။

ပေးသောလက်ပရဟိတအဖွဲ့တာဝန်ရှိသူ တဦးက  "ကျနော်တို့ ပေးသော လက်အဖွဲ့က ပြည်သူတွေဆီကနေ ရရှိတဲ့‌လှူဒါန်းငွေတွေကတဆင့် ရွာသူရွာသားတွေကို ပြန်လည်ခွဲဝေ လှူပေးခဲ့တာပါ။ အသုံးအ‌ဆောင်ပစ္စည်းရဲ့တန်ဖိုးက တအိမ်ကို ၄၀၀၀၀ ကျော်နှုန်း လောက်ကျ ပါတယ်။ ကလေးနယ်က မီးဘေးသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့ ပေးဖို့ ရှိပါတယ်။"လို့ ပြောပါတယ်။

လက်ရှိကလေးမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်ရှိနေသလို  စစ်ဘေးရှောင်တွေ တိုးလာာနဲ့ အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော်နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စစ်တမ်းအရသိရပါတယ်။

ဓာတ်ပုံ-ပေးသောလက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024