Home
မြန်မာသတင်း
သုဝဏ္ဏရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
December 5, 2023
thu 5122023

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏမြို့မရဲစခန်းရှေ့ လုံခြုံရေးဂိတ်မှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့ မနက်ပိုင်းက ပြင်းအားမြင့် ဗုံးပေါက်ကွဲသံကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ ဒီမနက် ၇ နာရီကျော်လောက်က ပေါက်တာ။ ရဲကင်းချထားတဲ့နေရာ။ လူနာတင်ယာဉ်တွေ ဝင်သွားတာ တွေ့တယ်။ စစ်ကားတွေ အခုကင်းလှည့်နေကြတယ်။ ဗုံးအသံက ၂ ချက်ပါ”လို့ ဆိုပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို  ဒီမနက် ၇နာရီ ၅ မိနစ်လောက်မှာ အနောက်ပိုင်းခရိုင် ပကဖနဲ့ မိတ်ဖက်အဖွဲ့တွေက ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂိတ်စောင့် ရဲ ၁ ဦး ဗုံးထိမှန် ထိခိုက်သွားတယ်လို့ ပြောပါတယ်။

အနောက်ပိုင်းခရိုင် ပကဖ တာဝန်ရှိသူတဦးက “စခန်းအဝင်အဝ နားမှာပါ။ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်တာ။ ရဲတယောက် ထိတယ်။ ပူးပေါင်းအဖွဲ့က ရဲဘော်တွေ ဘေးကင်းပါတယ်” လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်၊ ညပိုင်းကလည်း ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းမပေါ်ရှိ စစ်ကောင်စီ ရန်ကင်းမြို့မရဲစခန်းမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာလည်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်က EPC ရုံးရှိ စစ်တပ်ဂိတ်နဲ့ မြောက်ဥက္ကလာပမြို့နယ်က EPC ရုံးရှိ စစ်တပ်ဂိတ်၊ ဥပဒေရုံးတို့မှာ အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army တော်လှန်ရေးမဟာမိတ်တပ်တွေက ဗုံးပေါက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013