ဂါနာချိုရဲ့ သွင်းဂိုးဟာ တစ်ရာသီအတွင်းအကောင်းဆုံးဂိုး ဖြစ်လိမ့်မယ်လို့ မန်ယူနည်းပြတန်ဟတ်ဂ် က သုံးသပ်ပြောသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ မန်ယူအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဂါနာချိုက ပွဲချိန် ၃ မိနစ်မှာပဲ ၁၅ ကိုက်အကွာကနေ နောက်ပြန်ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းခဲ့တာပါ။
အဲဒီသွင်းဂိုးဟာ အလွန်လှပ သေသပ်တဲ့ သွင်းဂိုးဖြစ်ပြီး ပွဲစဉ်တွေအများကြီးကစားဖို့ကျန်ရှိနေပေမဲ့ တစ်ရာသီအတွင်းမှာ အကောင်းဆုံးသွင်းဂိုးအဖြစ်သတ်မှတ်ခံရလိမ့်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး ပွဲထွက်ကစားခဲ့တဲ့ အသက် ၁၈ နှစ်ရှိ လူငယ်ကြယ်ပွင့် မိန်နူးဟာလည်း စွမ်းဆောင်ရည်ကောင်းတွေ အများကြီးရှိကြောင်း နည်းပြတန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။
မန်ယူနောက်ခံလူဟောင်း နဗီးလ်ကတော့ ဂါနာချိုရဲ့ဂိုးဟာ ၂၀၁၁ ခုနှစ်က စီးတီးဘက်ကို နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ ဝိန်းရွန်းနီရဲ့ ဂိုးထက်သာလွန်ကြောင်း ချီးကျူးပါတယ်။
Photo - Reuters