မန်ယူ လူငယ်တိုက်စစ်ကစားသမား ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးဟာ တနှစ်တာ အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ မန်ယူအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာပဲ ဂါနာချိုက နောက်ပြန်ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ကာတင်သွင်းဂိုးများ စာရင်းမှာ ဂါနာချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ မိန်နူးတို့ရဲ့ သွင်းဂိုးတွေ အပါအဝင် စုစုပေါင်း ၁၀ ဂိုးအထိ ရွေးချယ်ခဲ့ပြီး ဂါနာချိုရဲ့သွင်းဂိုးကို အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခဲ့တာပါ။
အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီး ၂၄ နာရီအတွင်းမှာပဲ အကောင်းဆုံးသွင်းဂိုးဆုအဖြစ် ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters