Home
နိုင်ငံတကာ
ရုရှားပိုင်ပစ္စည်းများ ထိန်းချုပ်မည့် ချက်နိုင်ငံ၏ဆုံးဖြတ်ချက်ကို ပူတင်အစိုးရဝေဖန်
DVB
·
November 17, 2023
Kremlin spokesman Dmitry Peskov attends a news conference in Moscow

ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို ထိန်းချုပ်ထားဖို့ ချက်သမ္မတနိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ တရားမဝင်ဖြစ်ပြီး ဒီရန်လိုတဲ့လုပ်ရပ်အပေါ် ရုရှားအစိုးရက လက်တုံ့ပြန်လို့ရကြောင်း ကရင်မလင်နန်းတော်က နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ချက်နိုင်ငံအာဏာပိုင်တွေရဲ့ ရုရှားဆန့်ကျင်ရေး ရပ်တည်ချက်ဟာ လုံးဝကို အံ့သြစရာဖြစ်ပြီး ဒီအခြေအနေကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတော့ ဒီလုပ်ရပ်ကို လက်မခံကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ချက်နိုင်ငံအစိုးရဟာ သူ့နိုင်ငံထဲက ရုရှားအစိုးရပိုင် ပစ္စည်းတွေကို ထိန်းချုပ်ထားလိုက်ပြီး ယူကရိန်းမှာ မော်စကိုရဲ့ လုပ်ဆောင်ချက်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်တာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားပါတယ်။

ချက်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ ဥပဒေရှုထောင့်ကနေဆိုရင် တရားမဝင်ကြောင်းနဲ့ မော်စကိုက ဒါကို သေချာဆန်းစစ်မယ်လို့ ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013