Home
နိုင်ငံတကာ
တရုတ်ဝန်ကြီးချုပ်ဟောင်း လီကယ်ချန်း ကွယ်လွန်
DVB
·
October 27, 2023
Li Keqiang_27102023

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီကယ်ချန်းဟာ အောက်တိုဘာ ၂၇ ရက်က အသက် ၆၈ နှစ်အရွယ်မှာ နှလုံးရောဂါကြောင့် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

တချိန်က ကွန်မြူနစ်ပါတီကို ဦးဆောင်နိုင်မယ့် ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ရှုမြင်ခံထားရတဲ့ လီဟာ ရာထူးကအနားယူပြီး ၁၀ လအကြာမှာတင် နှလုံးရောဂါဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။

ဒါကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့အာဏာအပေါ် ပိုမိုချုပ်ကိုင်နိုင်ဖို့အတွက် မကြာသေးမီ နှစ်ပိုင်းအတွင်း လီကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။

လီက ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စီပွားရေးကို ပွင့်လင်းမြင်သာတဲ့ ဈေးကွက်ပုံစံအတိုင်း သွားချင်ပေမဲ့လည်း ရှီကတော့ ဗဟိုထိန်းချုပ်မှုအောက်မှာသာ ထိန်းကျောင်းလိုတာ ဖြစ်ပါတယ်။

ထိပ်တန်း ပီကင်းတက္ကသိုလ်ထွက် စီပွားရေးပညာရှင်တဦးလည်းဖြစ်တဲ့ လီရဲ့  နာရေးကြော်ငြာကိုတော့ မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

စီစီတီဗီ သတင်းဌာနရဲ့ အစီရင်ခံချက်ထဲမှာ “မကြာသေးမီ ရက်ပိုင်းအတွင်း ရှန်ဟိုင်းမြို့မှာ အနားယူနေခဲ့တဲ့ ရဲဘော် လီကယ်ချန်းဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ နှလုံးဖောက်ပြီး အောက်တိုဘာလ ၂၇ ရက် ညသန်းခေါ်ကျော်အချိန်မှာတင် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013