Home
နိုင်ငံတကာ
တရုတ် BRI ဖိုရမ်တွင် ဒေါ်လာ ဘီလီယံ ၉၀ ကျော်ရှိ စီးပွားရေးစာချုပ်များ ချုပ်ဆို
DVB
·
October 19, 2023
Opening ceremony of the Belt and Road Forum (BRF) in Beijing

တရုတ်နိုင်ငံဟာ ခုသီတင်းပတ်ထဲမှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်း Belt and Road ဖိုရမ် BRI မှာ ဒေါ်လာ ၉၇ ဒသမ ၂ ဘီလီယံတန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်တွေကို တခြားနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း အောင်မြင်မှု ၄၅၈ ခုရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အောက်တိုဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

BRI ရဲ့ စင်မြင့်သစ်ဟာ ဒီအကြီးစားစီမံကိန်းရဲ့ ထူးခြားတဲ့ သင်္ကေတတခု ဖြစ်လာစေဖို့ ရည်ရွယ်ထားပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိရှိ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်မယ်လို့လည်း ဝမ်ယိက ပြောပါတယ်။

ဒီဖိုရမ်ကို နိုင်ငံပေါင်း ၁၃၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “ချစ်လှစွာသော သူငယ်ချင်း” လို့ ရည်ညွှန်း ခေါ်ဝေါ်ခဲ့ပါတယ်။

မနက်ပိုင်းက ဖွင့်ပွဲအခမ်းအနားအတွင်း ရှီက သူ့ရဲ့ မဟာစီမံကိန်းဖြစ်တဲ့ BRI ဟာ အာရှ၊ အာဖရိကနဲ့ ဥရောပတို့ကို ကုန်းလမ်းနဲ့ ရေကြောင်း လမ်းကြောင်းတွေကတဆင့် ကမ္ဘာ့အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ကွန်ရက်တွေ တည်ဆောက်ဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ဆောင်ရွက်ခဲ့တာလို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013