မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ လူစားလဲမှုတွေက ပွဲရလဒ်ကို ကွဲပြားခြားနားစေခဲ့ကြောင်း အာဆင်နယ်နည်းပြ အာတီတာကပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲချိန် ၈၆ မိနစ်မှာသွင်းယူခဲ့တဲ့ လူစားဝင် ကစားသမား မာတင်နယ်လီရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အဲဒီအနိုင်ဂိုးမှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ သောမက်စ်ပါတေး၊ တိုမီယာဆု၊ ကိုင်ဟာဗက်ဇ်တို့ရဲ့ ပေးပို့မှုတွေကနေ မာတင်နယ်လီက ဂိုး အဖြစ်ပြောင်းလဲခဲ့တာပါ။
ဒုတိယပိုင်းကစားပုံက အကောင်းဆုံးဖြစ်ခဲ့ပြီး လူစားလဲမှုတွေဟာလည်း ကြီးမားတဲ့ ကွဲပြားခြားနားမှု ဖြစ်စေခဲ့ကြောင်း၊ မာတင်နယ်လီဟာလည်း ကြီးမားတဲ့သက်ရောက်မှု ရှိအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ဒီပွဲစဉ်မှာပါဝင်ကစားနိုင်မယ်လို့တောင် ဘယ်သူမှထင်မှတ်မထား ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အသင်းသားတွေအနေနဲ့ ကြိုးစားမှုကို ဆက်ထိန်းပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသွားမယ်ဆိုရင် ပြိုင်ဘက်အသင်းတွေ အနိုင်ရဖို့ခက်ခဲတဲ့အသင်းကောင်းဖြစ်လာမှာဖြစ်ကြောင်း အာတီတာက ပြောသွားပါတယ်။
Photo-Reuters